စာရေးသူ

အားလုံးမြင်နိုင်ရန်
Mike Wittmer

မိုက်ခ်ဝစ်မာ

မိုက်ခ်ဝစ်မာ (Mike Wittmer)သည် ဂရန်းရက်ပစ် (Grand Rapids) ဓမ္မတက္ကသိုလ်တွင် Systematic Theology (စနစ်ကျကျ ဓမ္မပညာ)ဘာသာရပ်ကို ပို့ချသည့် ပါမောက္ခတစ်ဦးဖြစ်သည်။ ဆရာသည် Zondervan ပုံနှိပ်တိုက်မှ ထုတ်ဝေသည့် Heaven Is a Place on Earth၊ Don’t Stop Believing နှင့် Becoming Worldly Saints စာအုပ်များ၊ Discovery House Publishers ပုံနှိပ်တိုက်မှ ထုတ်ဝေသည့် The Last Enemy နှင့် Despite Doubt စာအုပ်များကို ရေးသားခဲ့သည်။ ဆရာနှင့် ဇနီးဂျူလီတို့သည် ဆယ်ကျော်သက် သားသမီးသုံးဦးတို့နှင့် လှုပ်ရှားဗျာများသည့်တိုင် ဓမ္မရေးရာအကြောင်းများကို blog တွင် ရေးသားလျက် ဘဝကို ပျော်ရွှင်စွာဖြတ်သန်း နေကြသည်။

စာမူ/ အကြောင်းအရာ များ မိုက်ခ်ဝစ်မာ

မင်းနှာခေါင်းကို ငါယူလိုက်ပြီ

ဘရွတ်ကလင်းပြတိုက်ရှိ အီဂျစ်အနုပညာပြခန်းတာဝန်ခံ အက်ဒွက် ဘလဲဘတ် (Edward Bleiberg) အား ဧည့်သည်များ အများဆုံးမေးသောမေးခွန်းတစ်ခုမှာ “ရုပ်ထုတွေရဲ့ နှာခေါင်းက ဘာကြောင့်ကျိုးနေတာလဲ” ဟူ၍ ဖြစ်သည်။

သဘာဝအရ လွဲရှောင်မရသောဖြစ်ပျက်ခြင်းသဘောကို ဘလဲဘတ် အပြစ်တင်၍မရပါ။ နှစ်ဘက်မြင်ဆေးရေးရုပ်ပုံများပင်လျှင် နှာခေါင်းများ မပါပေ။ ထိုကဲ့သို့သောပျက်ယွင်းမှုက တမင်ရည်ရွယ်ပြီးလုပ်ထားကြောင်း သက်သေမရှိသော်လည်း သူ မှန်းဆပြီး ပြောပြသည်။ အီဂျစ်ဘုရားများကို ရန်သူများက သတ်လိုသဖြင့် "Got Your Nose" "မင်းနှာခေါင်းကို ငါယူလိုက်ပြီ" ဟူသော ကစားနည်းကဲ့သို့ပင် ကျူးကျော်လာသောစစ်တပ်က ရုပ်ထု များ၏နှာခေါင်းကို ချိုးလိုက်သဖြင့် ထိုရုပ်တုများအသက်မရှူနိုင်တော့ပေ။

တကယ်ကြီးလား။ အဲဒါကြောင့်လား။ ဤကဲ့သို့သောဘုရားများနှင့် ဆိုလျှင် သူဒုက္ခရောက်နိုင်ကြောင်း ဖာရောဘုရင် ကြိုသိသင့်သည်။ သူ၌ စစ်တပ်ကြီးနှင့် တစ်နိုင်ငံလုံးက သူ့သစ္စာခံသူများရှိသည်မှာ အမှန်ဖြစ်သည်။ ဟေဗြဲလူများမှာမူ မောရှေအမည်ရှိ ကြောက်တတ်သည့် ဝရမ်းပြေးတစ်ဦးက ဦးဆောင်သည့် ပင်ပန်းနွမ်းနယ်နေသောကျွန်များသာ…

ရဲရင့်စိတ်ကို ဝတ်ဆင်ပါ

အန်ဒရူးသည် ဧဝံဂေလိတရားကို ပိတ်ပင်သည့်တိုင်းပြည်တွင် နေထိုင်သည်။ သူ၏ယံုကြည်ခြင်းကို မည်သို့လျှို့ဝှက်ထားသနည်းဟု ကျွန်ုပ်မေးသောအခါ သူက မလျှို့ဝှက်ထားပါဟု ဖြေသည်။ သူက သူ့ဘုရားကျောင်းကို ကြော်ငြာသည့် တံဆိပ်နှင့် အင်္ကျီကို အမြဲဝတ်ပြီး သူအဖမ်းခံရတိုင်း ရဲများအား သူတို့လည်း ဘုရားသခင်ကို လိုအပ်တယ် ဟု အမြဲပြောသည်။ အန်ဒရူးသည် သူ့ဘက်၌ မည်သူရှိသည်ကို သိသောကြောင့် သူ၌ ရဲရင့်ခြင်းစိတ်ရှိသည်။

ပရောဖက်ဧလိယသည်လည်း အာခဇိမင်းက သူ့ကို ဖမ်းရန် စစ်သားငါးကျိပ် စေလွှတ်ခဲ့စဉ်က ထိတ်လန့်ကြောက်ရွံ့ခြင်း မရှိခဲ့ပါ (၄ ရာ ၁:၉)။ သူ့ဘက်၌ ဘုရားသခင်ရှိကြောင်း သူသိသဖြင့် ကောင်းကင်မှ မီးကျစေ၍ ထိုလူငါးကျိပ်ကို လောင်စေခဲ့သည်။ ရှင်ဘုရင်က ထပ်ပြီး စစ်သားများစေလွှတ်ရာ ဧလိယသည် ရှေးနည်းအတိုင်းပြုပြန်သည်။ ဘုရင်က တတိယအကြိမ်စေလွှတ်ပြန်ရာ တတိယမြောက်တပ်မှူးသည် ရှေ့ကအဖြစ်အပျက်များကို ကြားသိထားသည့် အတွက် သူတို့ကို မသတ်ရန်…

သင်၏သီချင်းကား အဘယ်နည်း

လင်းမယ်နျူယယ်မရင်းဒါ က ဟမ်မေးလ်တန်တေးစု ကို ၂၀၁၅ ခုတွင် ရေးသား မသီဆိုမီအထိ အလက်ဇန်းဒါး ဟမ်မေးလ်တန် အကြောင်းကို အမေရိကန်နိုင်ငံသား အများစုတို့ မသိခဲ့ပါ။ ယခုတွင် ကလေးကအစ သူ့အကြောင်းကို အလွတ်နီးပါး သိရှိ
ကြသည်။ ကျောင်းကားပေါ်တွင်၊ စာသင်ခန်းတွင် ကလေးများ ထိုသီချင်းကို ဆိုကြသည်။ သူသည် ကလေးများ၏အသည်းကျော် နိုင်ငံ့ခေါင်းဆောင်ဖြစ်သွားပါသည်။

ဂီတအစွမ်းကို ဘုရားသခင်သိသည်။ ထို့ကြောင့် မောရှေအား “ယခုမှာ ဓမ္မသီချင်းကို ‌ရေးထားကြလော့။ ထိုသီချင်းကို ဣသရေလအမျိုးတစ်ဘက်၌ ငါ့အဖို့ သက်သေဖြစ်စေခြင်းငှာ သူတို့သည် နှုတ်ကျက်ရအောင် သင်စေကြလော့” (တရား ၃၁:၁၉)ဟု မိန့်ကြားခဲ့သည်။ မောရှေမရှိတော့သည့်နောက်ပိုင်း အချိန်ကြာသွားလျှင်၊ ဣသရေလလူတို့အား ကတိထားတော်မူသောပြည်သို့ ပို့ဆောင်ပြီးလျှင် သူတို့သည် အာခံလျက် အခြားသောဘုရားများကို ကိုးကွယ်လိမ့်မည်ကို ဘုရားရှင် သိနေသည်။ ထို့ကြောင့် “...ထိုသီချင်းသည် သူတို့တစ်ဘက်၌ သက်သေခံလိမ့်မည်။…

မည်သူကျွန်ုပ်ကို လိုအပ်သနည်း

ဝါရှင်တန်ဒီစီသို့ ပျံသန်းနေသောခရီးစဉ်အတွင်း သက်ကြွယ်အမျိုးသမီးတစ်ဦးက သူမ၏ခင်ပွန်းအား “ရှင့်ကို မလိုအပ်တော့ဘူးဆိုတာ မဟုတ်ဘူး” ဟု တီးတိုးပြောဆိုသံကို စာရေးဆရာ အာသာဘရွတ်(Arthur Brooks) ကြားလိုက်သည်။ အမျိုးသားက သေချင်သည်ဟု ညည်းညူရာ ဇနီးသည်က “အဲလိုပြောတာ ရပ်တော့”ဟု ပြန်ပြောခဲ့သည်။ ခရီးဆုံးရောက်သော် ဘရွတ် လှည့်ကြည့်လိုက်ပြီး ထိုသူကို ချက်ချင်းမှတ်မိသည်။ ထိုသူမှာ ကမ္ဘာကျော်သူရဲကောင်းတစ်ဦးဖြစ်သည်။ အခြားခရီးသည်များက သူ့အား လက်ဆွဲနှုတ်ဆက်ကြပြီး လေယာဉ်မှူးက လွန်ခဲ့သည့်အချိန်များက သူ၏စွမ်းဆောင်မှုအတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့သည်။ ထိုသူရဲကောင်းကြီး အဘယ့်ကြောင့် စိတ်ပျက်အားငယ်နေပါသနည်း။

ပရောဖက်ဧလိယသည် ဗာလပရောဖက် ၄၅၀ ကို သတ္တိရှိစွာနှင့် တစ်ကိုယ်တော် ချေမှုန်းအောင်မြင်ခဲ့သည် (၃ ရာ ၁၈)။ စင်စစ် သူတစ်ဦးတည်း လုပ်ဆောင်ခဲ့ခြင်းကြောင့်မဟုတ်ဘဲ ဘုရားသခင် အစဉ်ပါရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ နောက်ပိုင်းတွင် သူတစ်ဦးတည်းဖြစ်နေသည်ဟု ခံစားရပြီး သူ့ အသက်ကို နှုတ်ယူရန်…

သင်မည်သူ့ကို ယူတင်ဝတ်ဆင်ထားသနည်း။

အာဂျင်တီးနားအမျိုးသမီးဘစ်စကတ်ဘောအသင်းသည် ပြိုင်ပွဲတွင် ယူနီဖောင်းမှားပြီးဝတ်ဆင်လာမိခဲ့ကြသည်။ ၎င်းတို့၏ရေတပ်ပြာအရောင်အင်္ကျီသည် ကိုလံဘီယာအသင်း၏နက်ပြာရောင်အင်္ကျီနှင့် ဆင်တူယိုးမှားဖြစ်နေပြီး စင်စစ် ဧည့်သည်အသင်းအနေဖြင့် သူတို့က အဖြူရောင်ဝတ်ကြရမည်ဖြစ်သည်။ အစားထိုးလဲဝတ်ရန်အတွက် အင်္ကျီရှာရန် အချိန်မရှိတော့သည့်အတွက် ပြိုင်ပွဲကို အရှုံးခံလိုက်ရသည်။ နောက်ပိုင်းတွင် အာဂျင်တီးနားအဖွဲ့သည် ၎င်းတို့ ဘာဝတ်ရမည်ကို နှစ်ခါပြန် ပြန်စစ်မည်မှာ အသေချာပင်ဖြစ်သည်။

ပရောဖက်ဇာခရိခေတ်က အမြင့်ဆုံးသော ယဇ်ပရောဟိတ်ယောရှုသည် ဘုရားသခင်၏ရှေ့တော်မှောက်သို့ ညစ်ညူးသောအဝတ် ဝတ်ပြီး ဝင်လာသည်ကို သူ့အား ဘုရားသခင်ရူပါရုံဖွင့်ပြသည်။ စာတန်သည် လက်ညိုးထိုးလျက်သရော်သည်။ ယဇ်ပရောဟိတ်ယောရှုသည် သတ်မှတ်အရည်အချင်း မပြည့်မီဘဲ ပွဲပြီးသွားသည်။ သို့သော် အဝတ်လဲလှယ်ချိန်ရှိခဲ့ပြီး၊ ဘုရားသခင်သည် စာတန်အား ပြစ်တင်မောင်းမဲကာ ယောရှု၏ညစ်ညူးသောအဝတ်ကိုလဲပေးရန် ကောင်းကင်တမန်အား မိန့်ကြားသည်။ ထိုနောက် ယောရှုအား “သင့်အပြစ်ကို ငါဖြေရှင်းပြီ။ တင့်တယ်သောအဝတ်ကို ငါဝတ်စေမည်” ဟု မိန့်တော်မူသည် (ဇာ ၃:၄)။

ကျွန်ုပ်တို့သည် အာဒံ၏အပြစ်အပေါ်တွင် မိမိ၏ကိုယ်ပိုင်အပြစ်များနှင့် ထပ်ဖုံးပြီး ညစ်ညူးသောအရာများကို…

ရည်ရွယ်ချက်ဖြင့် အပန်းဖြေခြင်း

ရာမက်ချ်သည် အခြားသူများအား သခင်ယေရှုအကြောင်းပြောရခြင်းကို နှစ်သက် သည်။ သူ့လုပ်ဖော်ဆောင်ဖက်များအား ရဲရင့်စွာပြောပြသည်။ တစ်လ တစ်ကြိမ် စနေ၊ တနင်္ဂနွေပိတ်ရက်တိုင်း သူ့ရွာသို့ပြန်ကာ တစ်အိမ်တက်တစ်အိမ်ဆင်း ဧဝံဂေလိတရားဟောပြောသည်။ အထူးသဖြင့် အနားယူရန်အချိန်ယူခြင်း၏ တန်ဖိုးကို သူသိသွားသည့်အတွက် သူ့စိတ်အားထက်သန်မှုက ကူးစက်သွားသည်။

ယခင်က စနေတနင်္ဂနွေညနေပိုင်းအချိန်ကို ဧဝံဂေလိပြောကြားရန် ရာမက်ချ် အသုံးပြုသည်။ သူအပြင်သွားသည့်အခါ သူ့ဇနီးနှင့်ကလေးများက သူ့ကိုအောက်မေ့ပြီး သူတို့အနီးအပါး၌ရှိချိန်ဆိုလျှင် ရာမက်ချ် မောပန်းနေသည်ကိုသာ တွေ့ကြရသည်။ အချိန်တိုင်း၊ စကားတိုင်းအကျိုးရှိအောင်လုပ်ရန် သူလိုလားခဲ့သည်။ ပေါ့ပေါ့ပါးပါးဂိမ်းကစားခြင်းနှင့် စကားစမြည်ပြောခြင်းကို သူ မကြည်နူးနိုင်။ ရာမက်ချ် ခမျာ အကြပ်ရိုက်နေခဲ့သည်။

သူ့ဇနီး၏ရိုးသားပွင့်လင်းသောအပြော၊ မိတ်ဆွေများ၏အကြံပေးမှုနှင့် သိပ်မထင်ရှားသော ကျမ်းပိုဒ်အချို့ကြောင့် သူ၏ဟန်ချက်မညီဖြစ်ခြင်းမှ လန့်နိုး လာခဲ့သည်။ သုတ္တံ ၃၀ ၌ ပုရွက်ဆိတ်၊ ရှာဖန်ယုန်နှင့် ကျိုင်းကောင်စ‌သော အရေးမပါသည့်သတ္တဝါများအကြောင်း ပြောထားသည်။ အိမ်မြှောင်ကို လက်ဖြင့်ဖမ်းနိုင်သော်လည်း ၎င်းသည်…

ဘယ်သူ့အတွက်လဲ

ကျွန်တော်အသံထွက်အောင် ရယ်မိပါသည်။ ဓာတ်ပုံတွင် လူအုပ်ကြီးသည် မက္ကစီကန်လမ်းမပေါ်တွင် စီတန်းကာ၊ အလံများကိုဝေ့ယမ်းလျက်၊ ရောင်စုံ စက္ကူစ အမှုန်များကျဲကာ၊ ပုပ်ရဟန်းမင်းကြီးအား စောင့်ကြိုနေခဲ့ကြသည်။ လမ်းအလယ်၌ လေလွင့်ခွေးလေးတစ်ကောင်သည် လမ်းလျှောက်လာကာ၊ သူ့အား သောင်းသောင်းဖျဖျကြိုဆိုကြသည့်နှယ် ပျော်မြူးနေသည်။ ဟုတ်ပါသည်။ ဤကဲ့သို့ ပျော်စရာကောင်းသောနေ့ကို ခွေးတိုင်း ပိုင်ဆိုင်သင့်ပါသည်။

ခွေးလေးတစ်ကောင်က ဤပွဲ၏အာရုံကို ဖမ်းစားသွားခဲ့သည်မှာ ချစ်စရာ ကောင်းပါသည်။ သို့သော် အခြားသူတစ်ယောက်၏ချီးမွမ်းခြင်းကို လုယူခြင်း သည် ကျွန်တော်တို့ကို ပျက်စီးစေနိုင်သည်။ ဤအချက်ကို ဒါဝိဒ်သိသည်။ ထို့ကြောင့် သူ၏စစ်သူရဲတို့ အသက်စွန့်ကာ ခပ်လာခဲ့သောရေကိုသောက်ရန် သူငြင်းဆန်ခဲ့သည်။ တစ်စုံတစ်ယောက်သောသူသည် ဗက်လင်မြို့တံခါးနားမှာရှိသော ရေတွင်းထဲကရေကို ခပ်၍ပေးလျှင် ကောင်းလိမ့်မည်ဟု တောင့်တစိတ်နှင့် သူဆိုမိရာ၊ စစ်သူရဲသုံးယောက်တို့သည် ရန်သူ့တပ်ကို ဖျက်ဝင်ကာ ရေခပ်ပြီး သူ့ထံယူဆောင်လာခဲ့သည်။ ဒါဝိဒ်သည် သူတို့၏ စွန့်လွှတ်မှုကြောင့် စိတ်ထိခိုက်ကာ၊ ရေကိုသောက်ရန် ငြင်းဆန်ပြီး၊ ဘုရား…

လုံလောက်သည်မရှိ

ဖရန်ခ့်ဘိုးမင်းသည် လကိုပတ်သည့် ပထမဦးဆုံး အာကာသခရီးစဉ်မစ်ရှင်တွင် အမိန့်ပေးစေခိုင်းရသူဖြစ်သည်။ ထိုခရီးစဥ်အတွက် သူအထင်မကြီးခဲ့ပါ။ ခရီးစဉ် အသွားအပြန် အချိန်နှစ်ရက်တာကြာခဲ့သည်။ ဖရန်ခ့်သည် ရွှေ့လျားမှုကြောင့်ဖြစ်သည့် မူးဝေခြင်းဝေဒနာကို ခံစားရကာ အန်ပါတော့သည်။ သူက အလေးချိန်မဲ့ လေထဲလွှင့်ခြင်းသည် စက္ကန့် ၃၀ မျှသာ ကောင်းပါသည်ဟု ဆိုသည်။ ထို့နောက် သူကျင့်သားရသွားသည်။ လကို အနီးကပ်ကြည့်သောအခါ မွဲခြောက်ခြောက်နှင့် စိတ်ဝင်စားဖွယ်မကောင်းသောအပေါက်၊ ချိုင့်ခွက်ဖြစ်နေသော ဥက္ကာမျက်နှာပြင် ကိုသာ တွေ့ရသည်။ သူ့အဖွဲ့သားများသည် ထိုမီးခိုးရောင် အသုံးမဝင်သောမြေကို ဓါတ်ပုံရိုက်ကြပြီးနောက် သူတို့ငြီးငွေ့သွားတော့သည်။

မည်သူတစ်ဦးတစ်ယောက်မျှ မရောက်ဖူးသောနေရာသို့ ဖရန်ခ့်ရောက်သွား ခဲ့သည်။ ဤမျှနှင့်မပြီး။ ကမ္ဘာ့အပြင်ဘက်ကို လေ့လာစူးစမ်းမှုအတွေ့အကြုံကို သူအလွယ်တကူ စိတ်ကုန်သွားသည်ဆိုပါက ဤကမ္ဘာမြေ၌ရှိသောအရာများအပေါ်မျှော်မှန်းထားမှုများကို ကျွန်ုပ်တို့လျော့ချရန်လိုပါလိမ့်မည်။ ဒေသနာဆရာက လောကနှင့်ဆိုင်သော အတွေ့အကြုံများက အဆုံးစွန်သော ဝမ်းမြောက်ခြင်းများကို ဆောင်ကြဉ်းမပေးနိုင်ကြောင်း သိရှိခဲ့သည်။ “မျက်စိသည် မြင်၍မကုန်တတ်၊ နားသည်လည်း ကြား၍မဝတတ်”…

ဒီနေရာကို ငါဘယ်လိုရောက်နေပါလိမ့်

ကနေဒါလေကြောင်းလိုင်း၏ ပိန်းပိတ်အောင်မဲမှောင်နေသည့် ဂျက်လေယာဉ်၌ လိုက်ပါ လာသူ တစ်ဖနီ တစ်ယောက်နိုးလာသည်။ သူ့ထိုင်ခုံခါးပတ်ပတ်ထားဆဲ ဖြစ်ပြီး လေယာဉ်ဆိုက်သဖြင့် အခြားခရီးသည်များက စိတ်လှုပ်ရှားနေကြချိန်တွင် သူကအိပ်ပျော်နေခဲ့သည်။ “ငါ့ကိုဘာလို့ ဘယ်သူမှမနိုးတာလဲ။ ငါဒီနေရာကို ဘယ်လိုလုပ်ရောက်နေတာလဲ” ဟု တွေးရင်း စိတ်ရှုပ်ထွေးမှုကိုဖယ်ကာ အဖြစ်အပျက်များကို ပြန်မှတ်မိရန်သာ ကြိုးစားမိတော့သည်။

သင်လုံးဝမမျှော်လင့်ထားသည့်အခြေအနေ၌ ရောက်နေသည့်အဖြစ်မျိုး ကြုံဖူးပါသလား။ ငယ်ငယ်ရွယ်ရွယ်နှင့် ကုသ၍မရနိုင်သော ရောဂါခံစားနေရခြင်း၊ သင်၏ ကြိုးစားမှုရလဒ်က အလွန်ကောင်းသော်လည်း သင့်ရာထူးအဆင့်ကို ဖျက်သိမ်းလိုက် ခြင်း၊ အကောင်းဆုံးသောအိမ်ထောင်သက်တမ်းကိုပျော်မွေ့ခဲ့ပြီးနောက် ယခုတွင် အချိန်ပိုင်းအလုပ်လုပ်ပြီး အိမ်ထောင့်တာဝန်ကို တစ်ဉီးတည်းယူနေရခြင်း ဆိုပါစို့။

ဒီအခြေအနေကို ငါဘယ်လိုရောက်ခဲ့ပါလိမ့်ဟု “မီးဖိုပြာထဲထိုင်လျက်” ယောဘကြီး တွေးမိမည်ပင် (ယောဘ ၂:၈)။ သားသမီး၊ စည်းစိမ်ဉစ္စာနှင့် ကျန်းမာရေး ကို တမုဟုတ်ချင်း သူဆုံးရှုံးခဲ့ရသည်။ ဘယ်လိုဖြစ်တာပါလိမ့်ဟု သူမခန့်မှန်းနိုင်၊ မသိနိုင်ခဲ့ပါ။ သို့သော် သူ့အနေဖြင့် သတိရရန်သာလိုကြောင်း…

ဘောင်အပြင်ဘက်မှ ကျေးဇူးတော်

ဘော့၏ကုမ္ပဏီအတွက် အကြံဉာဏ်ပေးသည့် ဉပဒေအဖွဲ့အစည်းတစ်ခုတွင် တွမ်အလုပ် လုပ်သည်။ သူတို့နှစ်ဉီးမိတ်ဆွေဖြစ်ခဲ့ကြပြီး နောက်ဆုံးတွင် တွမ်က ကုမ္ပဏီ၏ဒေါ်လာငွေ များစွာကို အလွဲသုံးစားလုပ်ခဲ့သည်။ အဖြစ်မှန်ကို ဘော့ သိရှိချိန်တွင် စိတ်မကောင်းဖြစ်လျက် ဒေါသဖြစ်ရသည်။ သို့နှင့် ခရစ်တော်၌ ယုံကြည်သူ သူ့ကုမ္ပဏီ၏ဒုဉက္ကဌထံမှ အမြော်အမြင် နှင့် ပြည့်စုံသည့်အကြံဉာဏ်ကို ရရှိခဲ့သည်။ ဒုဉက္ကဌက နောင်တနှင့်ရှက်ရွံ့မှုကို တွမ် နက်နက်နဲနဲ ခံစားနေရသည်ကို သတိပြုမိပြီး တရားစွဲဆိုမှုကို ရုတ်သိမ်းကာ သူ့ကို ငှားရမ်းရန် ဘော့ကို အကြံပေး ခဲ့သည်။ “နဂိုအတိုင်းဘဝပြန်စနိုင်အောင် သူ့ကို လစာ အသင့်အတင့်ပေးပြီးငှား လိုက်၊ ပိုပြီးကျေးဇူးသိတဲ့သူ၊ သစ္စာတည်တဲ့ဝန်ထမ်းတစ်ယောက်ကို မင်းရလိမ့် မယ်” ဟု ဆိုသည်။ ထိုအကြံကို ဘော့နာခံခဲ့ပြီး တွမ်လည်း သူပြောသည့်အတိုင်း ဖြစ်လာခဲ့သည်။

ရှောလုမင်း၏မြေး မေဖိဗောရှက်သည် မည်သည့်အမှားမျှ မပြုခဲ့ပါ။ သို့သော် ဒါဝိဒ် ဘုရင်ဖြစ်လာချိန်တွင်…